တောခွေးအများနှင့် ခြင်္သေ့အုပ်စုကြား ထိတ်လန့်ဖွယ် အစာလုတိုက်ပွဲ (ရုပ်သံ)




တောခွေးအတွေဟာ အုပ်စုဖွဲ့ နေထိုင်သွားလာနေကြလေ့ရှိကာ သားကောင်ကို အမဲဖျက်တိုက်ခိုက်ရာမှာ နာမည်ကြီးပါတယ်။
ခြင်္သေ့တွေကိုတော့ တောဘုရင်တွေလို့ တင်စားလေ့ရှိကြပြီး တကောင်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ နေထိုင်ကျက်စားလေ့ရှိတဲ့ သူတို့ရဲ့ သဘာဝကလည်း ထူးခြားပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အာဖရိက ဂေဟဗေဒစနစ်မှာ ရှင်သန်နေထိုင်ကြတဲ့ ဟိုင်အီးနာ တောခွေးအတွေနဲ့ ခြင်္သေ့တွေကြား အုပ်စုဖွဲ့ အားပြိုင်တိုက်ပွဲတွေကို ရှုစားကြရမှာပါ။
ရုပ်သံဗွီဒီယိုအစပိုင်းမှာတော့ သားကောင်ကို အုပ်စုလိုက် စားသောက်နေကြတဲ့ ခြင်္သေ့မိသားစုဆီ အုပ်ဖွဲ့ချဉ်းကပ်လာကြတဲ့ တောခွေးအအုပ်စုကို တွေ့ရပါတယ်။
ခြင်္သေ့အုပ်စုထဲမှ ခေါင်းဆောင် ခြင်္သေ့ကြီးဟာ စားသောက်နေရာကနေ တောခွေးအတွေဆီ တုံ့ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာပါ။
တကောင်ချင်းအရွယ်အစားနဲ့ နှိုင်းယှဉ်ရင်တော့ ခြင်္သေ့တွေကို တောခွေးအတွေက ဘယ်လိုမှ တိုက်ခိုက်နိုင်မှာ မဟုတ်ပေမယ့် အုပ်စုအားကိုးနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။
ကွင်းပြင်ကျယ်ထဲမှာ ပြေးလွှားနေရင်း တိုက်ခိုက်နေခဲ့ကြတဲ့ ခြင်္သေ့နဲ့ တောခွေးအတွေရဲ့ မြင်ကွင်းဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။
ရုပ်သံဗွီဒီယိုဖိုင်ရဲ့ နောက်တနေရာမှာတော့ ခြင်္သေ့တကောင်ဟာ အုပ်စုနဲ့ ရှိမနေခဲ့ဘဲ တကောင်တည်းရှိနေချိန် တောခွေးအအုပ်စုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာကို တွေ့ရပါတယ်။
ခြင်္သေ့ဟာ သားကောင်ကို စားသောက်နေခဲ့တာဖြစ်ပြီး တောခွေးအအုပ်စုက အဲဒီသားကောင်ကို ဆွဲလုစားသောက်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ခွေးအတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာပါ။
ဒါပေမယ့် ခွေးအတွေက အုပ်စုလိုက်ဖြစ်နေတာမို့ သူ့ရဲ့အမြီးပိုင်း၊ ဝမ်းဗိုက်ပိုင်းနဲ့ ခန္ဒာကိုယ်အနှံ့ နေရာတော်တော်များများကနေ ဝိုင်းအုံကိုက်ခဲခဲ့ကြတာမို့ တိုက်ပွဲဟာ ဘယ်လိုမှ မမျှတနိုင်ဘဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။
Powered by Blogger.